Auto-CAD drawing ကို ************************ Printer ရွေးပြီး စကေးကိုက် *** ပုံထုတ်ရန်

Auto-CAD drawing ကို 

************************ Printer ရွေးပြီး စကေးကိုက်

************************ ပုံထုတ်ရန်

*********

👉မိမိပုံထုတ်မယ့် Autocad dwg (model space)ကိုဖွင့်ထားပါ၊ drawing unit က ပေ၊လက္မ(archi) စကေးလား၊ မီတာလား၊ မီလီစကေးလား သိထားရပါမယ်

👉Status bar ပေါ်က layout tab ကိုနှိပ်ပါ၊ mv >enter( viewport တစ်ခုဖန်တီးတာပါ)

👉ဒီနေရာမှာ command line မှာ Specify corner of viewport ဆိုပြီး viewport area တောင်းလိမ့်မယ်

👉ဒီနေရာမှာ ကျွန်တော်က ဥပမာအနေနဲ့ မီတာနဲ့ဆွဲထားတဲ့ topo drawing တစ်ခုကို A3 portrait ပေါ်မှာ graphic scale; fractional scale(ratio scale) တွေနဲ့ ပုံထုတ်ချင်တယ်ဆိုပါစို့

👉A3 paper ရဲ့ size က 297mm×420mm ရှိတာကို ဦးစွာသိထားရပါမယ်( paper size တွေက plotter box မှာရှိပါတယ်)

👉 ခုနက viewport area တောင်းတဲ့ command line  မှာ 

0, 0>enter; 0.279, 0.420>enter ရိုက်ထည့်ပါ( acad dwg ကို မီတာနဲ့ဆွဲထားတာဖြစ်လို့ paper space ကို မီတာပြောင်းထည့်တာပါ)

👉Landscape နဲ့ထုတ်မယ်ဆိုရင်တော့ 0,0> enter; 0.420, 0.297>enter ရိုက်ထည့်ပါမယ်

👉Viewport ရဲ့ ဘယ်အောက်ဘက်ထောင့်က UCS မှာကပ်နေတဲ့ အကွက်ထဲမှာ drawing ရောက်လာပါပြီ၊ အဲဒီ rectangle က paper space မှာ A3 portrait ဖြစ်ပါတယ်

👉အဲဒီ rectangle ကို မြင်သာအောင်ချဲ့ထားပါ

👉Paper space ရဲ့ အတွင်းတစ်နေရာကို double click ပေးပြီး model spaceထဲဝင်လိုက်ပါ( model space ဆိုတာ on-ground scaleကို ပြတဲ့ပုံဖြစ်ပြီး paper space ကတော့ စာရွက်ပေါ်က စကေးဖြစ်ပါတယ်၊ paper space ဆိုတာ မြေပြင်အရှိပုံကို လှမ်းကြည့်လို့ရတဲ့ ပြတင်းပေါက်ပါပဲ)

👉model space ထဲမှာ ပုံကို အနေတော် center ရွှေ့ပါ၊ zoom in /out လုပ်ပါ

👉paper unitနဲ့ model unitရဲ့ relative scale ကို status bar

မှာ ပြနေလိမ့်မည်

👉သင့်တော်တဲ့နေရာမှာ zoom ကို ရပ်ထားပြီး viewport scale ထဲမှာ စကေးတွေ လိုက်ရွေးကြည့်ပါ

👉လိုအပ်လျှင် Custom ထဲမှာဝင်ပြီး scale သစ်တွေ ထပ်ထည့်ပြီး လိုက်စမ်းရပါမယ်၊

ဥပမာ -Custom ထဲက Add scale ထဲမှာ 1:500/ 1:1000/ 1:1500/ 1:2000/ 1:2500/ 1:750 etc ထည့်စမ်းကြည့်ရပါမယ်

👉Name appearing in scale list မှာ 1:1000ထည့်တယ်ဆိုပါစို့၊

Drawing unit boxမှာ 1000ထည့်ပါ> OK

👉ပြီးတော့ Viewport scale ထဲမှာ 1:1000ကို ရွေးလိုက်ပါ

👉model space မှာ အဆင်မပြေသေးလျှင် နောက်တစ်မျိုးပြောင်းကြည့်ပါ

👉Title block area ချန်ပြီး ပုံထွက်အဆင်ပြေလောက်တဲ့ စကေးမှာ viewport scaleကို Lockလုပ်ထားခဲ့ပါ

👉ဥပမာ -ကျွန်တော့် ပုံကြမ်းမှာတော့ 1: 2500 က အဆင်ပြေတယ်ဆိုပါစို့

👉Layout မှထွက်ပြီး model ထဲပြန်ဝင်ပါ၊လိုအပ်တဲ့ graphic scale bar ကို Symbol managerမှ ခေါ်ထည့်ပါ၊ အဆင်မပြေလျှင် အဲဒီ scale bar size ကို on-ground scaleနဲ့ လိုက်ဖက်အောင် စကေးချုံ့/ချဲ့နဲ့ပြင်ပါ၊

👉ဥပမာ -ကျွန်တော့်ပုံမှာ မီတာ100 line  တစ်လိုင်းဆွဲပြီး အဲဒီအလျားအတိုင်းရအောင်  scale bar ကိုချဲ့၊ ပြီးတော့ ratio scale မှာ 1:2500 ပြောင်းလိုက်ပါတယ်၊(Tool pelette ထဲကသွားနည်း မသိပါ)

👉graphic scaleရဲ့ အားသာချက်ကတော့ Printout drawing paper ပေါ်မှာ သိချင်တဲ့ point ၂ ခုရဲ့အကွာအဝေးကို graphic scale မှာပေတံနဲ့ ထောက်ကြည့်ပြီး on-ground distance ကို အဖြေ အနီးစပ်ဆုံးတန်းထုတ်နိုင်တာပါပဲ

👉Fractional scale/Ratio စကေးကတော့ ပုံမှာ ပေတံနဲ့တိုင်းလို့ရတဲ့ distance ကို ဆိုင်ရာ Scale factor နဲ့မြှောက်ပြီးမှ အဖြေထုတ်တာပါ

👉စကေးကိုက် drawing ထုတ်ပြီးတဲ့အခါ drawing paper ပေါ်မှာ ပေတံနဲ့တိုင်းလို့ရလာတဲ့ ပမာဏကို တွက်ထုတ်ရာမှာ graphic scale က ပြတဲ့ အဖြေနဲ့ Ratio scale ကပေးတဲ့ အဖြေ ၂ မျိုး အနီးစပ်ဆုံး ကိုက်ညီရပါမယ်

👉နောက်ဆုံး အဆင့်အနေနဲ့ ပုံထုတ်ဖို့ Plotter /Printer ထဲဝင်ပါ၊ 

👉Printer, Paper size တွေရွေးပြီးတဲ့အခါ 

👉Plot area မှာ Extents, Center the plotရွေး

👉Scale မှာ 1:1 ထား၊ unit ရွေး၊ drawing orientation ရွေး------ပုံထုတ်လို့ရပါပြီ

👉ထွက်လာတဲ့ပုံကို စကေး မှန်/မမှန်သိရအောင် ပေတံနဲ့ ပြန် CHECK ကြည့်ပါ။      ။

မှတ်ချက်။ ဒီပိုစ့်မှာ လိုအပ်ချက်များကိုလည်း ထောက်ပြဆွေးနွေးပေးကြပါ၊

ကျေးဇူးတင်ပါတယ်--T.S.A


Than Soe Aung


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း