Angle, Distance, Bearing and Coordinate
Angle, Distance, Bearing and Coordinate
*****************************************
Surveyor ဖြစ်ချင်တဲ့ ညီငယ်တွေအတွက်ခေါင်းထဲက
ပေါ်လာတဲ့ ရိုးစင်းတဲ့ မေးခွန်းလေးတစ်ပုဒ်ကို တင်ပေး
လိုက်ပါတယ်... (အဖြေမှန်ရရင်တော့ OK ပြီပေါ့)
နည်းပညာမြင့်တဲ့ Total Station တွေ ပေါ်လာတော့
တိုင်းတဲ့သူတွေ အလွန်တကူသုံးနိုင်တဲ့အတွက် ကျေနပ်
အားရစရာကောင်းပါတယ်..
အခြေခံသဘောတရားနဲ့ နည်းပညာအမြင့်ကို
ချိတ်ဆက်ပေးချင်တာနဲ့ ရေးဖြစ်ပြန်ပါပြီ..
အရင်တုံးက Total Station မပေါ်ခင်တုံးအချိန်က
Theodolite ကို အသုံးပြုခဲ့ကြပါတယ်..
Theodolite ကတော့ Vertical Angle နဲ့
Horizontal Angle ကိုပဲ တိုင်းတာဖြစ်ပါတယ်..
အကွာအဝေး (Distance) ကိုတော့ သံကြိုး၊ ပေကြိုး
တွေ ဆွဲပြီးတိုင်းတာခဲ့ကြပါတယ်...
ဒီထက်နည်းနည်းမြင့်လာတော့ EDM (Electronic
Distance Measurement) လို့ခေါ်တဲ့ Theodolite နဲ့
တွဲသုံးတဲ့ Instrument တွေ ပေါ်လာပါတယ်..
Theodolite က ထောင့်တိုင်းတယ်.. EDM က
Distance တိုင်းတာပေးတဲ့အတွက် တော်တော်လေး
အဆင်ပြေပါတယ်...
ပုံထုတ်တဲ့အခါတော့ လက်နဲ့ပဲ ပုံထုတ်ရပါတယ်..
အဲ့ဒီကနေမှ Function တွေစုံတဲ့ Total Station တွေ
ပေါ်လာခဲ့ပါတယ်..
Total Station ဆိုတာကတော့ Theodolite ရယ်၊
Level ရယ်၊ Distancer ရယ်၊ Computer Program
ရယ် ပေါင်းစပ်ထားတဲ့ ကိရိယာဖြစ်ပါတယ်..
တိုင်းတဲ့အခါ Known Point (၂)လုံး လိုအပ်ပါတယ်..
Known (၁)လုံးမှာ Instrument Setup လုပ်မယ်..
အခြား Known (၁)လုံးကို Back Sight Reading
လုပ်မယ်.. Unknown (၁)လုံးရဲ့ Position နဲ့
Height ကို တိုင်းတာယူတာပဲဖြစ်ပါတယ်..
အပေါ်က မေးခွန်းကတော့ Unknown Point (၁)လုံးကို
တွက်ထုတ်တာပဲဖြစ်ပါတယ်...
တိုင်းလိုက်တဲ့ Point တိုင်းမှာ အမြင့်တန်ဖိုးတွေပါလာတဲ့
အတွက် အမြင့်တူအမှတ်တွေကို လိုက်ဆက်ပေးခြင်းအား
ဖြင့် ကွန်တိုမျဉ်းတွေ ထွက်လာပါတယ်..
((နည်းပညာအမြင့်တွေကို လက်လှမ်းမှီဖို့ လိုအပ်သလို
အခြေခံသီအိုရီတွေ လွတ်မသွားဖို့ လိုအပ်ပါကြောင်း))
ရွှင်လန်းချမ်းမြေ့ကြပါစေ
အောင်မိုး(မြေတိုင်း)
(၁၈-၁-၂၀၁၈)
ပိုက်သာဂိုးရပ်စ်ကြီးကိုပဲ
တစ်နေ့ (၃)ကြိမ်လောက်
ထိုင်ကန်တော့ သင့်ပါတော့တယ်..
ပိုက်သာဂိုးရပ်စ် လေ့လာတွေ့ရှိမှုသာ
မရှိရင်တော့ မြေတိုင်းလုပ်ငန်းတွေ
တော်တော်အခက်တွေ့မည့် သဘောပါ..
မနေ့က Question ရဲ့ Answer လေးကို
တင်ပေးလိုက်ပါတယ်..
သင်္ချာဆိုတာကတော့ နှစ်သက်ရာနည်းနဲ့
တွက်နိုင်ကြပါတယ်..
ဒဿမကိန်းဖြတ်တာပေါ် မူတည်ပြီးတော့
အဖြေတွေ မဆိုသလောက်ကွာနိုင်ပါတယ်..
ရွှင်လန်းချမ်းမြေ့ကြပါစေ..
အောင်မိုး(မြေတိုင်း)
(၁၉-၁-၂၀၁၈)
Comments
Post a Comment